…ထာဝရသူငယ်ချင်း Lyrics – Hlwan Paing & Ni Ni Khin Zaw…

LYRICS ..

အရာရာအကုန်ပြောင်းလဲပြီ အစကသေချာမသိ
ပြောင်းလဲနေရာယူခဲ့
အချစ်ကြောင့် သူငယ်ချင်းစည်း
ဖောက်ဖျက်လာမှာကိုလည်း
တွေး၍ကြောက်ရသည်…
အသာကြိတ်မှိတ်ပေါင်းဖို့ ရည်စူးခဲ့
အချိန်မှန် ကျောင်းမတက်ရင်
တယောက်တည်း ငေါင်လာသည်
အခန်းထဲနင်ထိုင်နေသောဘက်သို့ ခေါင်းလေးတည်
နင်မရှိတော့လွမ်းရပြီ
သူငယ်ချင်းများ နောက်ကြပြီ
ပြန်စနောက်ပြုံးဖို့ အင်းအားမဲ့

သူပြောတဲ့ BFF
ဒီစကားက စည်းအထပ်ထပ်
ထားတာ သိလျက် ပျက်
ချစ်လာပြီ ငါ တစ်ဖက်သက်
စိတ်ကူးတယ် ငါ တစ်ရက်ရက်
ပြောလိုက်မယ် ဘာမှထည့်မတွက်ပဲ ဂယက်ယက်ဆဲ
ပက်သက်နေ သံယောစဉ်တွေ အပျက်ပျက်လဲ
ပြိုမှာလည်းစိုးတယ်
မိန်းကလေးရယ် ဒီလိုမျိုးပဲ
တစ်ဖက်သက် ငါ ကြိတ်ကာပိုးတဲ့
အဖြစ်တွေကို မသိသလိုမျိုးပဲ စိတ်ဆိုးတယ်
ဒီလို ဟန်ဆောင်နေတာတွေ ငါ သိပ်မုန်းတယ်
ချစ်ကြိုးသွယ် နေဖို့လဲ
သက်ဆိုင်တာ မင်းနဲ့ တို့ပဲ
စိတ်ထဲမှာ တဖက်သက်တမျိုးတွေ လာဝင်တိုးနေ
ငါ့ရဲ့ အသည်းတွေ တဆက်ဆက်ကြွေပြီး
သူ့ဘက်က တားမြစ်တဲ့စည်းတွေကိုလေ
ဖောက်ဖျက်ဖို့ကို မကြိုးစား
ဒီလိုမျိုး ငါ ရိုးသား
သူ့ရဲ့စိတ်မှာ တစ်မျိုးများ
ထင်သွားမှာလဲ စိုးသား
ဒါတွေဘာကြောင့်လဲ ရင်ထဲမှာဗလောင်ဆူဆဲ
ငါ့ဘက်ကအရောင်တူတဲ့
အဖြူရောင်ကို color ဆွဲထင်ချင်တယ်
အပြင်မှာဆို ဆင်ခြင်လဲအမြင်မှာတမျိုး
ထင်နေတဲ့ လူတွေ အချို့ 
အမြင်တွေရယ် မပြင်မှာစိုးနေပါတယ်
စိတ်ထဲမှာ တဖက်သက်တမျိုးတွေ လာဝင်တိုးနေ
ငါ့ရဲ့ အသည်းတွေ တဆက်ဆက်ကြွေပြီး
သူ့ဘက်က တားမြစ်တဲ့စည်းတွေကိုလေ
ဖောက်ဖျက်ဖို့ကို မကြိုးစား
ဒီလိုမျိုး ငါ ရိုးသား
သူ့ရဲ့ဘက်က ငါ့ကိုပြောတာ
ထာဝရသူငယ်ချင်းပါ။

Every time Everywhere အစဉ်ပါ
ငါသွားတဲ့နေရာတိုင်းလည်း နင်ပါ
မင်းကြည့်တဲ့အကြည့်တွေက တမျိုးပဲ
တို့သိတော့သိတယ် ဒါပေမယ့်
သူငယ်ချင်းပဲ
အခုကျောင်းထဲစာသင်ခန်းရဲ့အပြင်မှာ
လူကြားထဲ သူများမေးချင်စရာ
ကောင်းလောက်အောင်
နင်လေငါ့ကိုကြည့်တယ်
တို့ သိတော့ သိတယ် ဒါပေမယ့်
သူငယ်ချင်းပဲ
အကြင်နာပိုပါတော့ကွာ
no no no no
သံယောစဉ်တိုးပါတော့ကွာ
no no no no
ပညတ်ချက်တွေအရမ်းကိုများတဲ့ အချစ်ကမီးလို
မပြောင်းလဲပဲနဲ့ နေချင်ပါတယ်
သူငယ်ချင်းလို
(Best Best Best Best Friend)3
မင်းနဲ့ငါနဲ့ ငါနဲ့မင်းနဲ့
(Best Best Best Best Friend)3

…..မင်းနဲ့ငါနဲ့ ငါနဲ့မင်းနဲ့….

You are my best friend
Shawty … You know what
You are the greatest best friend
in my life, baby
အချိန်မှန် ငါစောင့်နေဆဲပါ ဒီ Monday
ကျောင်းဖွင့်မှ ဒီလမ်းတွေ
သူသွားမယ့်ခြေလှမ်းတွေ
နောက်ကမကွာ လျှောက်လှမ်းနေ
အချိန်မှန် ကပ်တွယ်နေတာကို မသိဘူးလား
သူ့ကိုပြောချင်တဲ့ စကားတွေက
ရင်ထဲမှာပြည့်လို့လာ
ဒါလေးပါ ဒါလေးသာ
ချစ်တယ်ဆိုရုံ အနေအထားပါ
သူလေးများ ငါ့ကိုမသနား
လျှော်သွားလေမလား စိတ်ထဲက
အို ဝေဝါးလား တကယ်ခြောက်ခြားတာ
သူနဲ့ငါနဲ့မဆုံရမှာ တကယ် သုံညပါ
မင်းနဲ့ ပက်သက်ခဲ့ရင် အရာရာနုံ,အ,တာ
ဒီလူငါ့အား အကြင်နာမျှသာ
ပေးကမ်းလို့ ငါ့ကိုဝေမျှပါ
အို မုသားမပါ တကယ်ကျိန်သွားမှာ
မင်းကိုချစ်တာက တစ်ဘဝစာ
အခုစကားအား နင်လေ ကြား ပါ က
ငါ့ကို သူငယ်ချင်းအဆင်းနားက
ကျော်သွားစရာ အခွင့်များအား
ပေးကမ်းလို့ ငါ့ကို ဝေမျှပါ
ဘယ်တော့မှလည်း မပြောဖြစ်ခဲ့တဲ့စကားတွေကို
ရင်ထဲမှာလေ ပိုက်လို့ 
သူ့ရဲ့ဘေးကနေ လိုက်လို့ 
အမှိုက်လို စကားတွေ အလိုက်အထိုက်ဆို
အကြိုက်လိုက်လို့ 
ချစ်သူဖြစ်မယ့်နေ့ကို
တဖက်သက် ရေတွက်လျက် ငါ မရပ်တန့် 
သူကတော့ အခုထိ Best Friend
(Best Best Best Best Friend)3
မင်းနဲ့ငါနဲ့ ငါနဲ့မင်းနဲ့
(Best Best Best Best Friend)3
မင်းနဲ့ငါနဲ့ ငါနဲ့မင်းနဲ့
Every time Everywhere အစဉ်ပါ
ငါသွားတဲ့နေရာတိုင်းလည်း နင်ပါ
မင်းကြည့်တဲ့အကြည့်တွေက တမျိုးပဲ
တို့သိတော့သိတယ် ဒါပေမယ့်
သူငယ်ချင်းပဲ
အခုကျောင်းထဲစာသင်ခန်းရဲ့အပြင်မှာ
လူကြားထဲ သူများမေးချင်စရာ
ကောင်းလောက်အောင်
နင်လေငါ့ကိုကြည့်တယ်
တို့ သိတော့ သိတယ် ဒါပေမယ့်
သူငယ်ချင်းပဲ
အကြင်နာပိုပါတော့ကွာ
no no no no
သံယောစဉ်တိုးပါတော့ကွာ
no no no no
ပညတ်ချက်တွေအရမ်းကိုများတဲ့ အချစ်ကမီးလို
မပြောင်းလဲပဲနဲ့ နေချင်ပါတယ်
သူငယ်ချင်းလို
(Best Best Best Best Friend)3

မင်းနဲ့ငါနဲ့ ငါနဲ့မင်းနဲ့
(Best Best Best Best Friend)3
မင်းနဲ့ငါနဲ့ ငါနဲ့မင်းနဲ့
အရာရာအကုန်ပြောင်းလဲပြီ အစကသေချာမသိ
ပြောင်းလဲနေရာယူခဲ့
အချစ်ကြောင့် သူငယ်ချင်းစည်း
ဖောက်ဖျက်လာမှာကိုလည်း
တွေး၍ကြောက်ရသည်…
အသာကြိတ်မှိတ်ပေါင်းဖို့ ရည်စူးခဲ့
အချိန်မှန် ကျောင်းမတက်ရင်
တယောက်တည်း ငေါင်လာသည်
အခန်းထဲနင်ထိုင်နေသောဘက်သို့ ခေါင်းလေးတည်
နင်မရှိတော့လွမ်းရပြီ
သူငယ်ချင်းများ နောက်ကြပြီ
ပြန်စနောက်ပြုံးဖို့ အင်းအားမဲ့ …

သီချင်း – ထာဝရသူငယ်ချင်း
တေးဆို – လွမ်းပိုင် + နီနီခင်ဇော်…

LEAVE A REPLY

Please enter your comment!
Please enter your name here